မြစ်သား ၁ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်ပညာရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် မြို့နယ်အဆင့် ဒဿမတန်း(Grade-10)သင်ရိုးသစ် Face to Face သင်တန်းဖွင့်ပွဲအား ယနေ့နံနက် (၁၀)နာရီက မြို့နယ်ပညာရေးမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါသင်တန်းတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါ်အုန်းကြည် ကအဖွင့်အမှာ စကား ပြောကြားပြီး မြို့နယ်ပညာရေးမှူးဒေါ်မြင့်မြင့်သိန်းက ကိုဗစ်-၁၉ရောဂါကာ ကာလ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာများနှင့် စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့် ဒုတိယ မြို့နယ်ပညာ ရေးမှူးဦးကျော်ဟန်က သင်တန်းနှင့်ပတ်သက်၍ ဆောင်ရွက်မည့် လုပ်ငန်း စဉ်များကိုဆွေးနွေး ပြောကြားသည်။
သင်တန်းကိုမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းအဆင့် ဆရာ၊ ဆရာမ ၁၇၄ ဦး တို့အား နည်းပြ ၁၆ ဦး မှ(Grade-10)သင်ရိုးသစ် ဘာသာရပ်ကို အပြန်အလှန်ဆွေနွေး သည့်ပုံစံဖြင့် ပို့ချသွားမည်ဖြစ်ပြီး သင်တန်းကို ဇူလိုင် ၁ ရက်မှ ၇ ရက်နေ့အထိ နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ သင်ကြားဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆုမွန်(ပြန်/ဆက်)


