နွားထိုးကြီး ၁ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးကို၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘတ်ဂျက် (၄၉.၉၉၁)သန်းဖြင့် Myanmar Link Us Co.,Ltd.မှ ၂၀၂၀ ပြည့်နှစ် မေလ(၁)ရက်နေ့မှ စတင်ပြီးတာဝန်ယူ ဆောက်လုပ်ခဲ့ရာ ယခုအချိန်ထိ ၃၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ အဆောက်အဦးသည် အလျား(၄၈)ပေ၊ အနံ(၃၆)ပေ၊အမြင့်(၁၂)ပေရှိ သံကူကွန်ကရစ် Rcc(၁)ထပ်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအမီ ပြီးစီးနိုင်ရေးဆောင်ရွက်သွားမည်ဟု မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဒေါ်ဇာခြည်ဝင်းထံမှ သိရသည်။
နိုင်လင်း(ပြန်/ဆက်)


