မြောက်ဦး ၁ ဇူလိုင်
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ ဆင်ခြေထောက်ရောဂါကင်းဝေးရေး လူအားလုံးဆေးတိုက် ကျွေးခြင်းလုပ်ငန်း မြို့နယ်အဆင့်သင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ကျန်း မာရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ပို့ချပြသရာ ၎င်းသင်တန်းသို့ အခြေခံကျန်းမာရေး ဝန်ထမ်း ၁၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ခင်မောင်သန်းက ဆင်ခြေထောက်ရောဂါ ကာ ကွယ်ဆေးတိုက်ကျွေးပေးရသည့် အကြောင်းအရာများအားလည်းကောင်း၊ ရောဂါလက္ခဏာဆိုင် ရာများနှင့် ပတ်သက်၍လည်းကောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး ကျန်းမာရေးအဆင့် (၁) ဒေါ်မင်းမင်းစိုးက ပြည်သူများအား "ဆင်ခြေထောက်ရောဂါကင်းဝေးရေး သန်ချဆေးတိုက် ကျွေးပေး"အကြောင်းအရာများ၊ ဆေးတိုက်ကျွေးရခြင်း၏ ရည်ရွယ်ချက်များနှင့် အဆိုပါဆေးအား ပြည်သူများသောက်သုံးရန်အတွက် လှုံ့ဆော်ပေးရမည့် အချက်အလက်များ စသည့်ကြောင်းအရာ များအား ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး ငှက်ဖျားတိုက်ဖျက်ရေးဌာနမှ ဦးကျော်ဆန်း လင်းက စာရင်းဇယားပြုလုပ်ပုံများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ဆင်ခြေထောက်ရောဂါကင်းဝေးရေး လူအားလုံးဆေးတိုက်ကျွေးခြင်း လုပ်ငန်းစဉ်ကို ဇူလိုင် ၈ ရက်မှ ၁၇ ရက်အတွင်း မြောက်ဦးမြို့နယ်အပြင် ခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်များတွင်လည်း ယင်းရောဂါကာကွယ် ဆေးအား တစ်ပြိုင်နက်တည်း တိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
တင်ထွန်းဦး(ပြန်/ဆက်)


