မြို့သစ် ၂ ဇူလိုင်
မကွေးခရိုင် မြို့သစ်မြို့နယ် နေပြည်တော်-မြို့သစ်-ကံပြား(မကွေး)လမ်း၊ လမ်းရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် မိုင်တိုင်အမှတ် (၄၂) အနီးတွင် တန်ပိုစစ်ဆေးရေး ဂိတ်တည်ဆောက်နေကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ သိရသည်။
နေပြည်တော်-မြို့သစ်-ကံပြား(မကွေး)လမ်းတွင် တန်ပိုစစ်ဆေးရေးဂိတ် မရှိသဖြင့် တန်ပိုယာဉ်များ များစွာဖြတ်သန်းနေသော လမ်းဖြစ်နေသည့်အတွက် မြို့နယ်လမ်းဦးစီးဌာန သတ်မှတ်ထားသော တန်ချိန်အတိုင်း တင်ဆောင်သွားလာခြင်း ရှိစေရန် ဖြစ်ပြီး နေပြည်တော်-တောင်ညို-မြို့သစ်-ကံပြား(မကွေး)လမ်း ရေရှည်တည်တံ့စေရေး အတွက် ဆောက်ရွက်တည်ဆောက်ရခြင်းဖြစ်ပါတယ်ဟု မြို့နယ်လမ်းဦးစီးဌာန SAE ဦးငြိမ်းချမ်းထံမှ သိရသည်။
အဆိုပါ တန်ပိုစစ်ဆေးရေးဂိတ်ကို တိုင်းဒေသကြီး ခွင့်ပြုဘဏ္ဍာငွေ ငွေကျပ်(၉၀)သန်းဖြင့် အကုန်အကျ ခံ တည်ဆောက်နေတာဖြစ်ပြီး မကွေးခရိုင်လမ်းဦးစီးဌာနအစီအစဉ်ဖြင့် မြို့သစ်မြို့နယ် လမ်းဦးစီးဌာနမှ မတ်လ (၁) ရက်နေ့မှ စတင်ကာ တာဝန်ယူတည်ဆောက်နြေခင်းဖြစ်ပြီး ယခုနှစ် (၂၀၂၀) စက်တင်ဘာ ၃၀ ရက်နေ့တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
သန်းဝင်းထွန်း ( ပြန်ဆက်)


