မယ်စဲ့   ၂  ဇူလိုင်

 

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် အဖွဲ့သည် ယမန်နေ့က မယ်စဲ့မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် (ပြည်ထောင်စု၊ ပြည်နယ်) ရန်ပုံငွေများဖြင့် ဆောင်ရွက်နေသည့် နယ်စပ်ဈေးမီးသွယ်တန်းခြင်းလုပ်ငန်း၊ မြို့နယ်အားကစားကွင်း ပွဲကြည့်စင် အဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ကားပါကင်တည်ဆောက်ခြင်းလုပ်ငန်း၊ မယ်စဲ့-ဟိုစဲ့-ဘီပီ (၁၄)လမ်းပေါ်ရှိ ပေ ၂၀ ကျောက်စီကမ်းကပ်ခုံနှင့် သံကူကွန်ကရစ်ကြမ်းခင်းတံတားတစ်စင်း တည်ဆောက်ခြင်း လုပ်ငန်း၊ ဟိုစဲ့ကျေးရွာ ခန်းမဆောင်မှ တောင်ပေါ်စေတီသွားလမ်းပေါ်ရှိ ၂၅ ပေ ကျောက်စီကမ်းကပ်ခုံ သံကူကွန်ကရစ် တံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ ဟိုစဲ့မြို့သစ် နှစ်ခြင်းကျောင်းအဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ပေ ၄၀ အမြင့်ရှိ ခေါင်းလောင်း စင်တည်ဆောက်ရန် မတည်ငွေကျပ် သိန်း ၅၀ ထောက်ပံ့ပေးအပ်ခြင်း၊ ဟိုစဲ့-မယ်စဲ့ အမှတ်(၂) လမ်းပေါ်ရှိ ပေ ၂၀ သံကူကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းတို့ကို စစ်ဆေးခဲ့သည်။

 

ထို့ပြင် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟိုစဲ့ကျေးရွာ ကက်သလစ်ဘုရားကျောင်းဆောင်သစ် တည်ဆောက်ခြင်းလုပ်ငန်း၊ အထက(ဟိုစဲ့) ကျောင်းဆောင်သစ် တည်ဆောက်ခြင်းလုပ်ငန်း၊ မယ်စဲ့ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး တည်ဆောက်ခြင်းလုပ်ငန်း၊ မယ်စဲ့-ဟိုစဲ့ အမှတ်(၁) လမ်းပေါ်ရှိ Box Culvert တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၆)ခန်းတွဲ ၂ ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်းလုပ်ငန်း၊ မန်းဘခိုင်လမ်း ကျောက်စီရေမြောင်း ပလပ်ဖောင်းနှင့် Box Culvert နှစ်စင်းတည်ဆောက်ခြင်းလုပ်ငန်း၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး တည်ဆောက်ခြင်းလုပ်ငန်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရိပ်သာဟောင်း မြေကာနံရံ တည်ဆောက်ခြင်း လုပ်ငန်းများတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို အချိန်မီပြီးစီးရေး ပြုပြင်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

ဝတ်ရည်(ပြန်/ဆက်)