ကျောင်းကုန်း    ဇူလိုင်

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ် ဆေးရုံလမ်းနှင့် ရတနာပုံလမ်းထောင့် မြို့မဈေးအနီးလမ်းဆုံတွင် COVID-19 ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် နှာခေါင်းစည်းများ ဖြန့်ဝေမှုကို ယနေ့နံနက် နာရီအချိန် ကျင်းပခဲ့သည်။

 

ကျောင်းကုန်းမြို့နယ် COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ စည်ပင်သာယာရေးကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက နှာခေါင်းစည်း(၁၀၀၀)ကို ဖြန့်ဝေပေးခဲ့ပြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းရွှေ က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေကာ အသိပညာပေးခဲ့ကြောင်း သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)