ကံမ ၂ ဇူလိုင်
မကွေးတိုင်းဒေသကြီး ကံမမြို့ အမှတ်(၁)ရပ်ကွက် မြို့မလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါကွန်ကရစ်လမ်းမှာ ထု ၉ လက်မနှင့် အကျယ် ၁၂ ပေ၊ အရှည်ပေ ၃၀ဝ ရှိပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အထွေထွေပိုလျှံရန်ပုံငွေ ကျပ်သိန်း ၆၀ ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ကံမမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြင့်လှိုင်၏ ပြောကြားချက်အရ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)


