ကန့်ဘလူ   ၂  ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် မလယ်ကျေးရွာ ဧရာဝတီမြစ်ကမ်းတစ်လျှောက်တွင် ကမ်းပြို ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဧရာဝတီမြစ် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် သန်း ၉၆ ဒသမ ၃၀ဝ ဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း မလယ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထွန်းထံမှ သိရသည်။

 

ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများကို နေရာလေးနေရာတွင် ကျောက်စီမြေထိန်းနံရံနှင့် တမံ ပေ ၆၀၊ ပေ ၂၁၀၊ ပေ ၁၀ဝ နှင့် ပေ ၆၅၀ ရှိ တည်ဆောက်ရေးလုပ်ငန်းများကို ဖေဖော်ဝါရီ ၁၇ ရက်မှ စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး  ယခုအခါ လုပ်ငန်းများပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

အောင်ဝင်းငြိမ်း (ကန့်ဘလူ)