မကွေး ၂ ဇူလိုင်

 

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလအတွင်း ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စွာ လည်ပတ်နိုင်ရန် မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် ဒေသခံတောင်သူများ စိုက်ပျိုးထွက်ရှိသည့် ကြက်သွန်နီများအား စျေးကွက်တင်ပို့ရောင်းချနိုင်ရေးအတွက် ကချင်ပြည်နယ် သမဝါယမအသင်းစုချုပ်နှင့် မကွေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်တို့မှ ဆက်သွယ်ညှိနှိုင်း၍ သမဝါယမကဏ္ဍမှ ကြက်သွန်နီပိဿာချိန် (၇၀၀၀)အား ဝယ်ယူသယ်ဆောင်ကာ ဇွန် ၃၀ ရက်တွင် မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်း၊ မိုးညှင်း၊ ပူတာအိုမြို့နယ်များရှိ အခြေခံသမဝါယမ အသင်းသားပြည်သူများအား သက်သာစွာ စားသုံးနိုင်ရန် ဒေသပေါက်စျေး တစ်ပိဿာလျှင် ငွေကျပ် (၈၀၀) (၁၀၀၀) ရှိနေသော်လည်း တစ်ပိဿာလျှင် ငွေကျပ် (၆၅၀)နှုန်းဖြင့် ဖြန့်ဖြူးရောင်းချခဲ့ကြောင်း သမဝါယမဦးစီးဌာနမှ သိရသည်။

 

MDN