ကော့ကရိတ် ၂ ဇူလိုင်
ကရင်ပြည်နယ်အတွင်း မိုးစပါးချေးငွေနှင့် ကိုဗစ်-၁၉ အထူးချေးငွေများအား ၂၀၂၀ ပြည့်နှစ် ဇွန်လမှ စတင်ထုတ်ချေးပေးလျက်ရှိသည်။
မိုးစပါးချေးငွေအဖြစ် လယ်တစ်ဧကအတွက် ငွေကျပ် ၁၅၀၀၀ဝ နှုန်းဖြင့် ထုတ်ချေးပေးရာမှ ကိုဗစ်-၁၉ ကြောင့် တောင်သူများထိခိုက်မှုအား ကုစားနိုင်ရေးအတွက် လယ်/ယာ တစ်ဧက ငွေကျပ် ၅၀၀၀ဝ နှုန်းဖြင့် ထပ်မံထုတ်ချေးပေးသွားမည်ဖြစ်သည်။
ကရင်ပြည်နယ်တစ်ခုလုံးအတွက် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေအဖြစ် ကျပ်သန်း ၆၁၅၅ သန်း၊ Covid-19 အထူးချေးငွေအဖြစ် ကျပ်သန်း ၁၂၁၃ ဒသမ ၁ သန်းအား လျာထားထုတ်ပေးလျက်ရှိရာ ဇွန်လကုန်အထိ လျာထားချက်၏ ၆၀ ရာခိုင်နှုန်း ထုတ်ချေးပြီးစီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


