ရန်ကုန်  ဇူလိုင်

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ အင်းစိန် Fever Clinic တွင် တီဘီရောဂါ အခမဲ့ စစ်ဆေးပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က အင်းစိန်မင်းကြီး လမ်းမပေါ်ရှိ ဘိုကုန်းဈေးအနီး အင်းစိန်မြို့နယ်ခန်းမတွင် အခမဲ့ စစ်ဆေးပေးခြင်း ဆောင်ရွက်ခဲ့သည်။

 

အင်းစိန်မြို့နယ်၊ အထွေထွေရောဂါကုဆေးရုံကြီးမှ ဆရာဝန်ကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်သောအဖွဲ့သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် (ယာယီ) ကျန်းမာရေး စစ်ဆေးမှုဌာနကို ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ပထမဆုံးဖွင့်လှစ်ခဲ့ခြင်ဖြစ်ပြီး ၂၀၂၀ ပြည့် နှစ်၊ ဧပြီ(၂)ရက်နေ့မှစတင်ကာ နေ့စဉ် နံနက်(၉)နာရီမှ နံနက်(၁၁)နာရီအချိန်အထိ အင်းစိန်မင်းကြီး လမ်းမပေါ်ရှိ ဘိုကုန်းဈေးအနီး အင်းစိန်မြို့နယ်ခန်းမတွင် ဖွင့်လှစ်လျက်ရှိရာ ထပ်မံ၍ တီဘီရောဂါကို အခမဲ့စစ်ဆေးပေးမည်ဖြစ်ရာ အမျိုးသား တီဘီဖျက်ရေးစီမံကိန်း NPT ၏ လမ်းညွှန်ချက်ဖြင့် Portable Digital X Ray ရွေ့လျားဓာတ်မှန်စက်ကြီးများ အသုံးပြု၍ တီဘီရောဂါကို ရှာဖွေကုသပေးမည်ဖြစ်ရာ တီဘီရောဂါ သံသယရှိသူလူနာများ မည်သူမဆို အခမဲ့ လာရောက်ပြသနိုင်ပြီး ဓာတ်မှန်တစ်ခါတည်း ရိုက်ပေးသွားမည် ဖြစ်သည်။ Mobile Team လုပ်ငန်းများဖြင့် ဆရာဝန်များမှ ဆောင်ရွက်ပေးမည်ဖြစ်ရာ အင်းစိန် Fever Clinic တွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နံနက်(၉)နာရီအချိန်မှ နံနက်(၁၁)နာရီအချိန်ထိ ပြသနိုင်ပြီဖြစ်ပြီး မူလ အဖျားစစ်ဆေးခြင်းလုပ်ငန်းများကိုလည်း နေ့စဉ် ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၏ Fever Clinic များတွင်လည်း တီဘီရောဂါကို သတ်မှတ် ထားသော နေ့ရက်အလိုက် တနင်္လာနေ့တွင် လှိုင်မြို့နယ်၊ကြည့်မြင်တိုင်မြို့နယ်၊ အရှေ့ဒဂုံ မြို့နယ် အင်္ဂါနေ့တွင် သာကေတမြို့နယ်၊ ရွှေပြည်သာမြို့နယ် ဗုဒ္ဓဟူးနေ့တွင် တောင်ဒဂုံမြို့နယ်၊ တာမွေမြို့နယ်၊ ရန်ကင်းမြို့နယ် ကြာသပတေးနေ့တွင် အင်းစိန်မြို့နယ်၊ မြောက်ဒဂုံမြို့နယ် သောကြာနေ့တွင် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ တောင်က္ကလာပမြို့နယ် စနေနေ့တွင် မရမ်းကုန်းမြို့နယ်နှင့် လှိုင်သာယာ မြို့နယ်များတွင် စမ်းသပ်စစ်ဆေးမှုများ လုပ်ဆောင်ပေးသွားမည်ဟု သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)