မဘိမ်း ၃ ဇူလိုင်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းပေါင်း (၁၅)ကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မဘိမ်းမြို့နယ်အတွင်း အဆင့်တိုးမြှင့်ဖွင့်လှစ်လိုက်သောကျောင်းများမှာ ငို့စင်ကျေးရွာရှိ အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)မှ အခြေခံပညာအထက်တန်းကျောင်းအဖြစ် လည်းကောင်း၊ လဝါကျေးရွာ၊ နန်းနွဲ့ကျေးရွာ၊ ဝိုင်းလုံကျေးရွာနှင့် ခတ်ခုံကျေးရွာများရှိ အခြေခံပညာအလယ်တန်းကျောင်း (၄)ကျောင်းကို အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) အဖြစ်သို့လည်းကောင်း၊ အစုကြီးကျေးရွာ၊ ခလရ (၁၂၁)နှင့် နောင်မွန်းကြီးကျေးရွာများရှိ အခြေခံပညာ မူလတန်းလွန်ကျောင်း (၃)ကျောင်းကို အခြေခံပညာ အလယ်ကျောင်း(ခွဲ)အဖြစ် သို့လည်းကောင်း၊ ပွေးတူးကျေးရွာ၊ မလှိုင်ကုန်းကျေးရွာ၊ အင်ကြင်းပင် ကျေးရွာ၊ မအူကုန်းလယ်ကျေးရွာ၊ နမ့်ဟွန်ကျေးရွာ၊ ခေါတောကျေးရွာနှင့် မာနားလေး ကျေးရွာများရှိ အခြေခံပညာမူလတန်းကျောင်း (၇)ကျောင်းကို အခြေခံပညာ မူလတန်းလွန် ကျောင်းအဖြစ်သို့ လည်းကောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံပညာကျောင်းပေါင်း (၁၅)ကျောင်းကို အဆင့်တိုးမြှင့်ဖွင့်လှစ်သည့်အတွက် ကျောင်းသား ကျောင်းသူများအနေဖြင့် သွားလာရမည့်လမ်းခရီးများအတွက် အချိန်ကုန်သက်သာစေပြီး ပညာ သင်ကြားရာတွင်လည်း အဆင်ပြေစွာ ကြားနိုင်သည့်အတွက် ပိုမိုထိရောက်စွာ သင်ယူနိုင်မည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယ မြို့နယ်ပညာရေးမှူး ဦးသန်းလွင်ဦးထံမှ သိရသည်။
မျိုးမင်း (ပြန်/ဆက်)


