၃ ဇူလိုင်

 

အိန္ဒိယ အစိုးရက ရုရှားနိုင်ငံမှ တိုက်လေယာဉ် ၃၃ စင်း ဝယ်ယူရန်နဲ့ လေယာဉ် ၅၉ စင်းအား အဆင့်မြှင့်တင်ရန်အတွက် အမေရိကန်ဒေါ်လာ ၂.၄ ဘီလီယံသုံးစွဲရန် ကာကွယ်ရေး ဝန်ကြီးဌာနက ကြာသပတေးနေ့တွင် သဘောတူလိုက်ကြောင်း သိရပါတယ်။ နျူကလီးယား ပိုင်ဆိုင်တဲ့ အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ တင်းမာမှု မြင့်တက်နေကြောင်းလည်း ကာကွယ်ရေးဝန်ကြီးဌာနမှ ဝန်ခံထားပါတယ်။

 

ရုရှားနိုင်ငံမှ ဝယ်ယူရန် MiG-29 အမျိုးအစား တိုက်လေယာဉ် ၂၁ စင်း ၊ SU-30 MKI အမျိုးအစား တိုက်လေယာဉ် ၁၂ စင်း နဲ့   MiG-29s အမျိုးအစား လေယာဉ် ၅၉ စင်းကို အဆင့်မြှင့်တင်သွားမယ်လို့ သဘောတူထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါတယ်။

 

အိန္ဒိယနိုင်ငံရဲ့ နယ်စပ်တွေကို ကာကွယ်ရန်အတွက် ကာကွယ်ရေး စွမ်းရည်မြှင့်တင်ရန်နဲ့ ဝန်ကြီးချုပ် မိုဒီက ကိုယ့်ကိုယ်ကာကွယ်နိုင်သော အိန္ဒိယ တည်ဆောက်ရေးအတွက် အိန္ဒိယစစ်တပ်ရဲ့ စွမ်းရည်မြှင့်တင်ရမယ်လို့ ဝန်ကြီးဌာရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ဝန်ကြီးချုပ် မိုဒီက ပူတင်ထံ ရွေးကောက်ပွဲ ရလဒ်ကနေ အောင်မြင်ကို ဂုဏ်ပြုရန် ဖုန်းခေါ်စဉ်မှာ အခုလို တိုက်လေယာဉ်တွေ ဝယ်ယူရန် ပြောခဲ့တာဖြစ်ပါတယ်။

 

အိန္ဒိယနဲ့ တရုတ်နိုင်ငံ နယ်စပ်မှာ ဇွန် ၁၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ နှစ်နိုင်ငံတပ်တွေကြားက အခင်းဖြစ်ပွားမှု ကနေ အိန္ဒိယ ၂၀ ဦး သေဆုံးခဲ့ပါတယ်။ တရုတ်နိုင်ငံကတော့ ဒဏ်ရရှိသူစာရင်း ထုတ်ပြန်ခြင်း မရှိတာကို တွေ့ရပါတယ်။

 

အိန္ဒိယနိုင်ငံရဲ့ စစ်အေးတိုက်ပွဲအတွင်းမှာ ရုရှားနိုင်ငံဟာ မဟာမိတ်ဖြစ်ခဲ့သလို ရုရှားဟာ အိန္ဒိယအား လက်နက် ထောက်ပံ့ပေးတဲ့ အကြီးဆုံးနိုင်အဖြစ်လည်း ဆက်လက် တည်ရှိနေပါတယ်။

 

အိန္ဒိယနိုင်ငံရဲ့ အမေရိကန် ဒေါ်လာ ၅.၄ ဘီလီယံတန်ဖိုးရှိတဲ့ S-400 ဒုံးကျဉ်စနစ် တည်ဆောက်မှာလည်း ရုရှားက ထောက်ပံ့ပေးရေးကို ၂၀၁၈ ခုနှစ်က သဘောတူ လက်မှတ်ရေးထိုးခဲ့တာကိုလည်း တွေ့ရပါတယ်။ 

 

MDN

ကိုးကား - AFP