နေပြည်တော်   ၃   ဇူလိုင်

 

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်၌ ဇူလိုင်လ ၂ ရက် မွန်းလွဲ ၁ နာရီက မိုးရွာသွန်းပြီး ချောင်းရေမြင့်တက်မှုကြောင့် စီဟဲကျေးရွာ၊ ဗန်းမော်-မံစီကားလမ်းရှိ အရှည် ၅၀ ပေခန့် သံပေါင် (ယာယီ)တံတားပေါ်၌ ရေအနက် ပေခွဲခန့် မြင့်တက်လျက်ရှိသဖြင့် ယာဉ်ကြီးများ ဖြတ်သန်း၍မရကြောင်းနှင့် ယာဉ်ငယ်များသွားလာသည့် တံတားမှာ ရေကျော်မှုမရှိသဖြင့် ဖြတ်သန်း သွားလာလျက်ရှိပြီး လူ/တိရစ္ဆာန်ထိခိုက်မှုမရှိခဲ့ကြောင်း သတင်းရရှိသည်။

 

(ရဲပြန်ကြား)