ညောင်ဦး      ဇူလိုင်    

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ချောင်းရှည်ကျေးရွာနေ ခြေလက်အင်္ဂါမသန်စွမ်းသည့် ကိုဝိုင်းမောင်နှင့် မိသားစုဝင်များ စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရ၍ ဇူလိုင် ရက် နံနက် နာရီက ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာ မြတ်စေတနာသွေးလှူရှင်အသင်းမှ အဖွဲ့ဝင် ဦးဇော်ပွေးနှင့် ပရဟိတအသင်းသားများက အလှူငွေနှင့် စားသောက်ဖွယ်ရာပစ္စည်းများ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

စားသောက်ဖွယ်ရာပစ္စည်းများ သွားရောက်ထောက်ပံ့လှူဒါန်းပေးရာတွင် ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာ မြတ်စေတနာသွေးလှူရှင်အသင်းမှ အဖွဲ့ဝင် ဦးဇော်ပွေးနှင့် ပရဟိတအသင်းသားများက ညောင်ဦးမြို့၊ မြတ်ပါရမီ လူမှုကူညီရေးအသင်းဉက္ကဌ ဦးဝင်းလှိုင်နှင့် ပရဟိတအသင်းများနှင့် ပူးပေါင်းပြီး စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေရသည့် ချောင်းရှည်ကျေးရွာမှ ခြေလက်အင်္ဂါမသန်စွမ်းသည့် ကိုဝိုင်းမောင် နေအိမ်သို့ သွားရောက်ပြီး ဆန် (၁၀)ပြည် ဆီတစ်ပိဿာ ကြက်ဉ အလုံး ၃၀   ကြက်သွန် တစ်ပိဿာ ယမ်ယမ်ခေါက်ဆွဲ ခြောက်ထုပ်ကြီးတစ်ထုပ်၊ ကိတ်မုန့် အထုပ်ကြီး တစ်ထုပ် ငါးပိနှင့် အချိုမှုန့် အထုပ်သေးတစ်ထုပ်စီ နှင့် လိုရာသုံးနိုင်ရန် အတွက် အလှူငွေကျပ် ၁၀၀၀၀ တို့အား ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ 

 ရဲဝင်းနိုင် ( ညောင်ဦး )