အိမ်မဲ ဇူလိုင် ၅

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်အတွင်း၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များက မြို့ပေါ်ရပ်ကွက်များသာမက ကျေးရွာများပါတစ်ပြိုင်နက်တည်း သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရန် ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများနှင့် အဘိတ်ခတ်ခြင်းကို ဇူလိုင် ၅ ရက် နံနက် ၈ နာရီကဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း၊ အမျိုးသမီးရေးရာ အဖွဲ့နှင့် တာဝန်ရှိသူများက အထက်ပိုင်းရပ်ကွက် ၁၁ လမ်းမှ ၁၃ လမ်းအထိ သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသကဲ့သို့ တစ်ဆက်တည်း ကျေးရွာအုပ်စု(၉၇)အုပ်စုရှိ ကျေးရွာများတွင်လည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)

 

FB_IMG_1593945262752