ပင်းတယ  ၆   ဇူလိုင်   

 

ရှမ်းပြည်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် တောင်ပေါ်ကြီး ကျေးရွာအုပ်စု ပင်စိမ်းပင်ကျေးရွာရှိ ဓနုဒေသခရီးသွားလုပ်ငန်းအပန်းဖြေစခန်း (DANUCBT) ၌ အခြေခံအဟာရနှင့် ပံ့ပိုးကူညီခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဆရာဖြစ်သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

mdn

 

ရှေးဦးစွာ သင်တန်းဆင်းပွဲအမှာစကားကို ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ်(ဗဟို) ဥက္ကဋ္ဌ ဦးနေမျိုးကျော်က ပြောကြားပြီး ဆက်လက်၍ သင်တန်းဆရာမဒေါ်သူဇာဝင့်က သင်တန်းတွင် ကြုံတွေ့ရသည့် သင်တန်းအတွေ့အကြုံများကိုလည်းကောင်း၊ သင်တန်းတာဝန်ရှိသူတစ်ဦးက သင်တန်းပို့ချမှု ဘာသာရပ်များ၊ သင်တန်းသားသင်တန်းသူများတို့၏ကြိုးစားဆောင်ရွက်မှုများ နှင့် COVID-19 ရောဂါကာကွယ်ရေးနည်းလမ်းများအတိုင်း သင်တန်းပို့ချပေးမှုအခြေအနေများကို ရှင်းလင်း ပြောကြားသည်။

 

ဆက်လက်၍ သင်တန်းတွင် တက်ရောက်ခဲ့ကြသည့် ပင်းတယနှင့်ရွာငံမြို့နယ်များမှ သင်တန်းသား/သူ ၂၄ ဦးတို့အား ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ်(ဗဟို) ဥက္ကဌ ဦးနေမျိုးကျော် နှင့်တာဝန်ရှိသူများတို့က သင်တန်းဆင်း လက်မှတ်များကို ပေးအပ်ခဲ့ကြပြီး သက်ဆိုင်ရာ မြို့နယ်ရပ်ကွက်၊ ကျေးရွာများမှ ကိုယ်စားပြု သင်တန်းသား/သူများတို့က သင်တန်းအတွေ့အကြုံများနှင့် သင်တန်းဖြစ်မြောက်အောင် ဆောင်ရွက်ပေးခဲ့ကြသူများအား ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်းလည်း သိရသည်။

 

ပင်းတယ(ပြန်/ဆက်)