ချောင်းဆုံ ၆ ဇူလိုင်
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် စီးပွားဖြစ်မွေးမြူကြသည့် ဝက်မွေးမြူရေးခြံများတွင် မိုးတွင်း ကာလအတွင်း ဖြစ်ပွားတတ်သော ရောဂါများနှင့် ကုသရေးနည်းလမ်းများကို မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မွေးမြူရေးပညာပေးသင်တန်းကို ယနေ့နံနက်ပိုင်းက အဆိုပါရုံးတွင် ကျင်းပသည်။
သင်တန်းတွင် ဝက်မွေးမြူရေးနှင့်ပတ်သက်ပြီး မိုးတွင်းကာလတွင်ဖြစ်ပွားတတ်သည့် ဝက်နှာစေး၊ ချောင်းဆိုးရောဂါများ၊ ဝက်မွေးမြူရေးနှင့် ပတ်သက်၍ သိထားသင့်သည့် အကြောင်းအရာများကို မြို့နယ်မွေး/ကု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနွဲ့နွဲ့ရီ၊ ဒု-ဦးစီးမှူး ဒေါက်တာ အေးမင်းတို့က သင်တန်းကာလ(၂)ရက်တာ သင်ကြားပို့ချမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ ဝက်မွေးမြူရေး ခြံရှင်များ၊ မွေးမြူရေးဝါသနာရှင်(၂၀) တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ထူးအိမ်(ပြန်/ဆက်)


