မင်းတပ်  ၆  ဇူလိုင်

                       

ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် မတူပီမြို့ စန်ဘောင်ရပ်ကွက်ရှိ ဆိုင်ကလုံး မုန်တိုင်းဒဏ်ခံ အဆောက်အဦ တည်ဆောက်မည့်မြေနေရာကို ဇူလိုင် ၄ ရက် ညနေပိုင်းတွင် ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။

 

အမျိုးသား သဘာဝဘေးန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် တည်ဆောက်မည့် အဆိုပါ မတူပီမြို့ စန်ဘောင်ရပ်ကွက်ရှိ ဆိုင်ကလုံးမုန်တိုင်းဒဏ်ခံ အဆောက်အဦကို လည်းကောင်း၊ ဇူလိုင် ၆ ရက်နေ့ နံနက်ပိုင်းတွင် မင်းတပ်ခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနရုံး ပေ (၆၀×၄၀×၁၄) RCC တစ်ထပ် သွပ်မိုးကွန်ကရစ်ကြမ်းခင်း တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

ခွီရှိန်းမောင်း(ခရိုင်ပြန်/ဆက်)