ကျိုက်ဒုံ ၆ ဇူလိုင်
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ဝင် ဟောင်သရောမြစ်ကူးဘေလီတံတား သည် အရှည်ပေ (၇၈၀)ရှိပြီး သစ်ကြမ်းခင်းများသည် လက်ရှိအခြေအနေတွင် ဆွေးမြည့်ပျက်စီးနေပြီး မော်တော်ယာဉ် များ သွားလာရာတွင် အန္တရာယ်ရှိပါသဖြင့် ဇူလိုင်လ ၂ ရက်နေ့မှစ၍ တံတားအထူး(၁၄)မှ မြို့ပြအင်ဂျင်နီယာ ဦးဥက္ကာ ဦးဆောင်၍ ဆွေးမြည့်နေ သော သစ်သားကြမ်းခင်းများ လဲလှယ်ပြီး တံတားပြုပြင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ဇူလိုင်လ ၆ ရက်တွင် တံတားပြုပြင်ခြင်း လုပ်ငန်းများအပြီးသတ် ဆောင်ရွက်နိုင်ခဲ့ပြီး မော်တော်ယာဉ်၊ဆိုင်ကယ်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြတ်သန်းနိုင်ပြီး ဖြစ်သည်။
အဆိုပါ ကျိုက်ဒုံမြို့အဝင် ဟောင်သရောမြစ်ကူး ဘေလီတံတား ပြုပြင်ဆောင်ရွက်မှုများကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောတင်ဝင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစောရှားဖောင်အွာ၊ ကျိုက်ဒုံမြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော် တာဝန်ရှိသူများ ကြည့်ရှု့စစ်ဆေး ခဲ့ကြောင်း သတင်းရရှိသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်


