နေပြည်တော် ၆ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၌ ဇူလိုင် ၅ ရက်က ကြက်တိုက်လောင်းကစား ပြုလုပ်နေသူ ၈ ဦးအား အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ချင်ပင်ကျေးရွာအနောက်ဘက်(၄)မိုင်ခန့်အကွာရှိ ကန်ကြီးရိုးတောခြေနေ ဦးသာဌေး၏ နေအိမ်ခြံဝန်းထဲ၌ ကြက်တိုက်လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ မွန်းလွဲ ၁ နာရီခွဲတွင် အရာတော်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲလွင် ဦးစီးသည့် တပ်ဖွဲ့ဝင်များက သက်သေများ နှင့်အတူ သွားရောက်ဖမ်းဆီးရာ ခြံဝန်းအတွင်း သရက်ပင်အောက်တွင် ကြက်တိုက် လောင်းကစား ပြုလုပ်နေသည့် နောင်ကြီးအိုင်ကျေးရွာနေ ဦးရွှေသိန်းပါ (၇)ဦးအား ကြက်တိုက် လောင်းကစားရာတွင် အသုံးပြုသည့် တိုက်ကြက်(၃)ကောင်နှင့် ဆက်စပ်ပစ္စည်းများ၊ ဆိုင်ကယ်မျိုးစုံ (၂၆)စီး၊ လက်ကိုင်ဖုန်း မျိုးစုံ(၃)လုံး၊ လောင်းကြေးငွေကျပ် ၇၅၁,၅၀ဝ တို့နှင့်အတူ ဖမ်းဆီးရမိပြီး ခြံဝန်းပိုင်ရှင် ဦးသာဌေးမှာ ထွက်ပြေး သွားခဲ့သဖြင့် ဦးသာဌေးပါ(၈)ဦးအား အရာတော်မြို့မရဲစခန်းမှ လောင်းကစား ဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)