ဖာပွန်  ၆  ဇူလိုင်

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဒေသခံပြည်သူများအား Social Distancing နှင့်အညီ နိုင်ငံသား စိစစ်ရေးကတ်ပြားများ အခမဲ့ပြုလုပ်ပေးခြင်းကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်သူ့ဝန်ဆောင်မှု ရုံးတွင် ပြုလုပ်ပေးခဲ့သည်။

 

ထိုသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများအခမဲ့ပြုလုပ်ပေးရာတွင် မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းဇော်ဦး ဦးဆောင်၍ ဝန်ထမ်း များက ၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့်ကာလ နီးကပ်လာသဖြင့် ဖာပွန်မြို့နယ်၏ အခြေခံ မဲစာရင်းများ ကြိုတင်ထားရှိရန်၊ မဲဆန္ဒရှင်များစာရင်းတွင် ကိုင်ဆောင်လက်မှတ်နေရာ၌ ကွက်လပ်များ ဖြစ်ပေါ်လျက်ရှိရာ နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိကိုင်ဆောင်ပြီးသူများဖြစ်ပါက ၎င်းတို့ ကိုင်ဆောင် ထားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနံပါတ်ပြန်လည်ရေးသွင်းခြင်း၊ တစ်ကြိမ်တစ်ခါမှ ဆောင်ရွက်ခဲ့ခြင်း မရှိသူများအား မြန်မာနိုင်ငံသားဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း၊ ဖာပွန်မြို့ပေါ်ရှိရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၅)စုကို ဇူလိုင်လ (၆)ရက်နေ့မှ (၁၆)ရက်နေ့အထိ ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ သိရှိရသည်။

 

စိုင်းကျော်ဝဏ္ဏ၊ တိုးဝေဇင်(ပြန်/ဆက်)