နေပြည်တော် ၆ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီးကျေးရွာလမ်းဆုံ၌ ယနေ့ နံနက် ၉ နာရီတွင် ရုံးစည်ကြီးရဲကင်းစခန်းမှ ဒုတိယရဲအုပ် ငါးရယ် ဦးစီးသည့် ပူးပေါင်းအဖွဲ့က ၂၀၂၀ ပြည့်နှစ်၊ မော်တော်ယာဉ်ဥပဒေသစ်ပါ ပြစ်မှုပြစ်ဒဏ်များအား အများပြည်သူသိစေရန် အသိပညာပေးခြင်း၊ လမ်းသွားလမ်းလာပြည်သူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
သတင်းစဉ်


