ကျွန်းလှ ၆ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်တွင် ရထားရဲတပ်ဖွဲ့ တပ်ခွဲ(၂)(ကောလင်း)၊ တပ်စု(၃) (ကျွန်းလှ)မှ တပ်စုမှူး ရဲအုပ်ကျေးစိုးနိုင်နှင့် တပ်ဖွဲ့ဝင်များ၊ ကျွန်းလှမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ကျွန်းလှဘူတာရုံပိုင်ကြီး ဦးမောင်မောင်လွင်၊ ပိတောက်မြိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိန်မောင်သင်း တို့ ပူးပေါင်းအဖွဲ့သည် ဇူလိုင်လဆန်းက ကျွန်းလှ-သဖန်းဆိပ်ဆည် သွားကားလမ်းနှင့် ရထားလမ်း ဆုံရာတို့တွင် ခရီးသည်နှင့်ရထား ထိခိုက်ဒဏ်ရာရ သေဆုံးခြင်းများ မဖြစ်ပေါ်စေရေးနှင့် မတော်တဆမှုများ လျော့နည်း ပပျောက်စေရေးတို့အတွက် သတိပြုလိုက်နာနိုင်ရန်နှင့် တားမြစ်ချက်များ ကျူးလွန်ပါက ပြစ်ဒဏ်ချမှတ်ချက်များပါ ပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)


