မိုးကုတ် ၆ ဇူလိုင်
မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(မိုးကုတ်မြို့)သည် ယာယီရုံးခန်းကို ဇူလိုင်လကုန်တွင် ဖွင့်လှစ်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းလျက်ရှိသည်။
အဆိုပါအဖွဲ့အနေဖြင့် သဘာဝဘေးအန္တရာယ်နှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ရုံးခန်းဖြစ်မြောက်ရေးအတွက် ဆောင်ရွက်နေမှုကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး) နာယကဆရာတော် ဘုရားဖြစ်တော်မူသော မိုးကုတ်မြို့ မင်္ဂလာတိုက်ဆရာတော်ဘုရားကြီး ဦဝီမလ၏ ကြည့်ရှုကူညီစောင့်ရှောက်မှုဖြင့် မင်္ဂလာတိုက်အတွင်း ယာယီရုံးခန်းကို ဇူလိုင်လကုန်တွင် ဖွင့်လှစ်နိုင်တော့မည်ဖြစ်သည်။
အဆိုပါရုံးခန်း ဖွင့်လှစ်နိုင်ရေးအတွက် မင်္ဂလာတိုက် ဆရာတော်ဘုရားကြီး၏ ဦးဆောင်လမ်းညွှန်မှု၊ မြို့နယ်အတွင်းရှိ အလှူရှင်များ၏ လှူဒါန်းမှု၊ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များ၏ ပူးပေါင်း ဆောင်ရွက်မှုများနှင့်အတူ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး)၏ ဒုတိယဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၏ အနီးကပ်ကြီးကြပ်ပေးမှုတို့ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖြိုးမမ(မိုးကုတ်)


