မိုင်းပန်  ၆  ဇူလိုင်

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ယနေ့ နံနက် ၈ နာရီက အ.လ.က (မွေတော်) ကျောင်းနှင့် အ.လ.က(ခွဲ)မြို့မကျောင်းတို့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးမှ လက်ဆေးဘေစင် (၅)ခုစီ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထိုသို့လှူဒါန်းရာတွင် အ.လ.က(မွေတော်)ကျောင်းမှ အလယ်တန်းပြဆရာမ ဒေါ်နန်းသိန်းသိန်းဦးနှင့် အ.လ.က(ခွဲ) မြို့မကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းညိုညိုနွဲ့နှင့်ဆရာမများက လက်ခံရယူခဲ့ပြီး အဆိုပါ ဘေစင်များအား စနစ်တကျအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

 

မိုင်းပန်(ပြန်/ဆက်)