နေပြည်တော် ၆  ဇူလိုင် 

 

၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်-မောင်တော ဒေသ၌ ARSA အစွန်းရောက် အကြမ်းဖက် သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ဆက်စပ်ဖြစ်ပွားခဲ့သည့် ချွတ်ပြင်ကျေးရွာ နှင့် မောင်နုကျေးရွာ ဖြစ်စဉ်များကို စုံစမ်းစစ်ဆေးရေးခုံရုံး (Court of Inquiry) ဖြင့် စစ်ဆေးဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်သွားမည်ဟု ဇွန် ၂၉ ရက်တွင် သတင်း ထုတ်ပြန်ပြီး ဖြစ်ကြောင်း။

 

၎င်း ချွတ်ပြင်ကျေးရွာဖြစ်စဉ်နှင့် မောင်နုကျေးရွာ ဖြစ်စဉ်များနှင့်ပတ်သက်သည့် ဖြစ်စဉ်၊ ဖြစ်ရပ်အမှန် ပေါ်ပေါက်စေရေး လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်ရန်အတွက် ဗိုလ်ချုပ် မြတ်ကျော်  ဥက္ကဋ္ဌအဖြစ်ပါဝင်ပြီး ဗိုလ်မှူးကြီး သန်းလှိုင် နှင့် ဗိုလ်မှူးကြီး သန်းနိုင်တို့  အဖွဲ့ဝင်အဖြစ်ပါဝင်သော အထူးစုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့ကို ဇူလိုင် ၂ ရက်တွင် စတင် ဖွဲ့စည်းခဲ့ကြောင်းနှင့် လိုအပ်သည့် စစ်ဆေးဆောင်ရွက်မှုများ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

 

သတင်းစဉ်