လှိုင်းဘွဲ   ၇  ဇူလိုင် 

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ဖူးစားပြောင်းစိုက်ခင်းများအတွင်း Faw ငမြှောင်တောင် ပိုးကာကွယ် နှိမ်နှင်းရေးနည်းလမ်းများ တောင်သူပညာပေးဆွေးနွေးပွဲကို ယမန်နေ့က ဥဒေါင်းကျေးရွာ၌ ကျင်းပခဲ့သည်။

 

ဆွေးနွေးပွဲတွင် လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖူးစားပြောင်းအတွင်း Faw ငမြှောင်တောင် ပိုးကျရောက်မှု ထိန်းချုပ်ကာကွယ်ရန်အတွက် Faw ငမြှောင်တောင်ပိုး ဖျက်ဆီးမှု ရှိ/မရှိ ကင်းထောက် စစ်ဆေးခြင်း၊ အဖိုဆွဲဆောင်ထောင်ချောက်အသုံးပြုပုံ၊ စစ်ဆေးတွေ့ရှိချက်အပေါ် မှတ်တမ်း များ ဖြည့်သွင်းခြင်း၊ တွေ့ရှိချက်မှတ်တမ်းများအပေါ် တောင်သူများအား သုံးသပ်ဆွေးနွေး ခြင်းနှင့် ဆက်လက် လုပ်ဆောင်ရမည့်နည်းလမ်းများကို ကျေးရွာတောင်သူများအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရ သည်။

 

မြို့နယ်(ပြန်/ဆက်)