ထီးချိုင့်   ၇  ဇွန် 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင်  ၂၀၁၉-၂၀၂၀ ဘဏ္ဍရေးနှစ်အတွင်း ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေ‌ဖြင့် တည်ဆောက်လျက်ရှိသော ဒေသဖွံ့ဖြိုး‌‌ရေးလုပ်ငန်းများအား ယမန်‌‌နေ့ မွန်းလွဲ ၂ နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာသို့   ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဟန်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးစိုလွင်၊  ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းတိုးဝင်း၊ မြို့နယ်သက်ဆိုင်ရာ တာဝန်ရှိသူများမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ‌ရေးနှစ် လွှတ်တော်ရန်ပုံငွေဖြင့် ဆောက်လုပ်ပြီးစီးသည့် လမ်း၊ တံတား၊ သောက်သုံးရေကန်နှင့် အခြားလုပ်ငန်းများ‌ ဆောက်လုပ်ပြီးစီးနေမှုတို့အား ကွင်းဆင်းစစ်‌ဆေးခဲ့သည်။

 

ထီးချိုင့်မြို့နယ်တွင် ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံ‌ငွေဖြင့် ၂၀၁၉- ၂၀၂၀  ဘဏ္ဍာရေးနှစ်အတွင်း လမ်းတံတား (၅၁) ခု၊ သောက်သုံးရေကန် (၁) ခု၊ အခြားလုပ်ငန်း (၁၀) ခု၊ စုစုပေါင်း (၆၂) ခု တို့ကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။

 

ရဲလင်းထွန်း(ထီးချိုင့်)