ဖာပွန် ၇ ဇူလိုင်
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် မြို့တွင်းရေစီးရေလာ ကောင်းမွန်ရေးအတွက် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ အမှတ် (၁) ရပ်ကွက်၊ မြို့စောင့်လမ်းထိပ်တွင် Box Culvert တစ်စင်း ပြုလုပ်နေကြောင်း သိရသည်။
အဆိုပါ Box Culvert ပြုလုပ်ခြင်းလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံ အင်ဂျင်နီယာ ဒေါ်လဲ့လဲ့မွန်က ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း၊ Box Culvert မှာ အရှည် (၂၄) ပေ၊ အကျယ် (၆) ပေ၊ အမြင့် (၃) ပေရှိကြောင်း၊ လုပ်ငန်းဆောင်ရွက်မှု ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း၊ ဇူလိုင်လအတွင်း လုပ်ငန်းအားလုံးပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိဆောင်ရွက်နေသည့် Box Culvert မှာ ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
စိုင်းကျော်ဝဏ္ဏ၊ တိုးဝေဇင်(ပြန်/ဆက်)


