ရပ်စောက် ၇  ဇူလိုင် 

 

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် ရပ်စောက်မြို့နယ် ဗထူးတပ်အတွင်းရှိ ဗထူးစမ်းနှင့် အင်းခေါင်းကန်တို့တွင် ဇူလိုင် ၅ ရက် နံနက်ပိုင်းက ငါးမျိုးစိုက်ထည့်ပေးကြောင်း သိရသည်။

 

ရှမ်းပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ဗထူးတပ်နယ်မှူးနှင့် ဇနီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ဗထူးစမ်းအတွင်း ငါးမြစ်ချင်း ကောင်ရေ ၂၀၀၀၀၊ ရွှေငါးကောင်ရေ ၂၀၀၀၀၊ မြက်စားငါး ကောင်ရေ ၂၀၀၀၀ စိုက်ထည့်ပေးပြီး ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က ဗထူးတပ်တွင်းရှိ တပ်မတော်ကြည်း(တိုက်ခိုက်ရေးကျောင်း)၊ တပ်မတော်ကြည်း (အတိုက် သင်တန်းကျောင်း၊ ဗထူး)၊ အမှတ်(၁) ဘင်ခရာနှင့် အကြပ်ကြီးသင်ကျောင်း၊ အမှတ်(၁) တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးကျောင်း၊ အမှတ်(၅၇၇)ခြေမြန်တပ်ရင်း၊ အမှတ်(၅၈၉) ခြေမြန်တပ်ရင်း၊ အမှတ်(၄) တပ်မတော် ဆေးရုံ (ခုတင်-၁၀၀)၊ အမှတ်(၅) အလုပ်ရုံတပ်စု (လျှပ်/စစ်) တို့ကို အလှူငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများသည် ရပ်စောက်မြို့၊ အင်းခေါင်းကန်တွင် ဌာနဆိုင်ရာများအား ငါးမျိုးစိုက် ပေးအပ်၍ ငါးမြစ်ချင်း(၃၀၀၀၀)၊ ရွှေငါး (၃၀၀၀၀)၊ မြက်စားငါး ကောင်ရေ ၃၀၀၀၀ ငါးမျိုးစိုက်ထည့်ပေးပြီး တောင်ကွက်သစ်ရပ်ကွက်၊ ကမ္မဋ္ဌာန်းကျောင်းတွင် Facility Quarantine ထားရှိမှုကို သွားရောက်ကြည့်ရှုပြီး တာဝန်ကျဆရာဝန်၊ ဆရာမများအား ပြည်နယ် ဝန်ကြီးမှ အလှူငွေကျပ် (၅)သိန်း၊ ပြည်နယ်ကျေးလက်ဦးစီးဌာန ပြည်နယ်မှူးက အလှူငွေကျပ်(၅)သိန်းနှင့် ဆရာဝန်၊ ဆရာ/ဆရာမများအား လိုအပ်သည့်နေရာတွင် အသုံးပြုရန် အလှူငွေကျပ် (၂)သိန်း ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မောင်မောင်သန်း(ပြန်/ဆက်)