နမ္မတူ ၇ ဇူလိုင်
နမ္မတူတွင် ၂၀၁၈ ခုနှစ် သဘာဝဘေးအန္တရာယ် ကျရောက်မှုကြောင့် လယ်စပါး ၁၀ ဒသမ ၇၅ ဧက ရေကြီးနစ်မြုပ်ပျက်စီးခဲ့သော တောင်သူများအား စိုက်ပျိုးရေးဦးစီးဌာန အရေးပေါ်ရန်ပုံငွေမှ ထောက်ပံ့ပေးအပ်ခြင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဇူလိုင် ၆ ရက် နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် နမ္မတူမြို့နယ် မိုင်းတပ်ကျေးရွာနှင့် မိုင်းဆင်ကျေးရွာတို့တွင် ၂၀၁၈ ခုနှစ် သဘာဝဘေးအန္တရာယ် ကျရောက်မှုကြောင့် လယ်စပါး ၁၀ ဒသမ ၇၅ ဧက ရေကြီးနစ်မြုပ်ပျက်စီးခဲ့သော တောင်သူ ၁၃ ဦးအတွက် စိုက်ပျိုးရေးဦးစီးဌာန အရေးပေါ်ရန်ပုံငွေမှ စပါးပျက်စီး တစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ၁၀ ဒသမ ၇၅ ဧကအတွက် ငွေကျပ် ၁၀၇၅၀၀ အား လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၁) ဦးတင်လှိုင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၂) ဒေါ်နန်းစံဟွမ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်အောင်ဖြိုး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခင်မောင်ဌေးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
လူမော် (ပြန်/ဆက်)


