ကမာရွတ် ၇ ဇူလိုင်    

 

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် ရန်ကုန်စီးပွားရေး တက္ကသိုလ်နယ်မြေတွင် COVID-19 အတွက် Quarantine ဝင်နေသော အဖွဲ့ဝင်များအတွက် ရန်ကုန်ယူနန် လူမှုကူညီရေးအသင်းမှ ဆန်အိတ် ၂၀ ၊ဆီ ပိဿာ ၅၀ ၊ကြက်သွန်နီ ပိဿာ ၁၅၀  နှင့် အာလူး ပိဿာ ၁၅၀  တို့ကို ယမန်နေ့ မွန်းလွဲပိုင်းက လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

 

အဆိုပါ လှူဒါန်းမှုကို အနောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးမိုးဇော်စိုး၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး၊ မြို့နယ် ကိုဗစ်-၁၉ ကာကွယ် တားဆီးရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးလင်း အောင်နှင့် အဓိပတိဆောင်မှ တာဝန်ခံ ကိုယုမောင်တို့က လာရောက်လှူဒါန်းမှုကို လက်ခံ ရယူ ခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။ 

 

ဆက်လက်ပြီးလာရောက် လှူဒါန်းသည်များကို Quarantine Center (၄) ခုသို့ အချိုးကျ ပြန်လည်ခွဲဝေ ပေးသွားမည်ဖြစ်ကြောင်းသိရှိ ရသည်။

 

စိမ်းလဲ့(ပြန်/ဆက်)