သံတောင်ကြီး  ၇  ဇူလိုင် 

 

ကရင်ပြည်နယ် သံတောင်ကြီးမြို့တွင် ဘုရင့်နောင်တပ်နယ်မှူး ဗိုလ်မှူးချုပ်သူရလှမင်း၏ လမ်းညွှန်မှုဖြင့် ဘွဲကရင်စာပေသင်ကြားမည့် ကျောင်းဆရာ/မများအား ကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၉)နာရီအချိန်က သံတောင်ကြီး(အ ထ က)ကျောင်းရှိ မိုးလုံလေလုံ အားကစားရုံ အတွင်း၌ ပြုလုပ်သည်။

 

mdn

 

ကျန်းမာရေး အသိပညာပေးဟောပြောပွဲတွင် ဘုရင့်နောင်တပ်နယ် ၊ တဆရ(၁၅) ခုတင်(၁၀ဝ)မှ ဗိုလ်မှူးအာကာကျော်နှင့်အဖွဲ့က ကိုဗစ်-၁၉ ရောဂါကြောင့်ကျောင်းဖွင့်ချိန်တွင် ကျောင်းဆရာ ဆရာမနှင့် ကျောင်းသား /သူ များ လိုက်နာရမည့်စည်းကမ်းချက်များ၊ ကျောင်းစာသင်ခန်းများတွင် ပြင်ဆင်ထားရမည့် အချက်များ၊ လက်ဆေးနည်း၊ Mask တပ်ဆင်အသုံးပြုနည်း၊ သွေးလွန်တုပ်ကွေး ရောဂါကာကွယ် နှိမ်နင်းရေးအကြောင်း၊ သွေးလွန်တုပ်ကွေး ကူးစက်ပုံ၊ သွေးလွန်တုပ်ကွေး ရောဂါလက္ခဏာများ၊ ခြင်မှတဆင့် ကူးစက်ရောဂါများအကြောင်း၊ ဝမ်းပျက်ဝမ်းလျော ရောဂါ အကြောင်းများကို ဟောပြောခဲ့သည်။

 

အဆိုပါ ကျန်းမာရေး အသိပညာပေး ဟောပြောပွဲသို့ သံတောင်ကြီးမြို့နယ်တွင် ဘွဲကရင်စာပေသင်ကြားမည့် ဆရာ/ဆရာမ စုစုပေါင်း(၂၄)ဦးနှင့် ဘွဲစာပေယဉ်ကျေးမှု ကော်မတီများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)