ရန်ကုန် ၇ ဇူလိုင်
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ်အတွင်းရှိ အသက်(၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကို ပုံမှန်ကာကွယ် ဆေးများ ထိုးနှံတိုက်ကျွေးပေးခြင်း လုပ်ငန်းများကို (၂၉) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၂၉) ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာ ရေးဆရာမများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်ဥမ္မာဝင်းနှင့် အဖွဲ့ဝင်များ ဦးဆောင်၍ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးများအား ပုံမှန်ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကူညီဆောင်ရွက်ပေးခဲ့ကြပြီး COVID-19 ရောဂါ ကူးစက်ပျံနှံ့မှု ကာကွယ်ရန်အတွက် လက်ကမ်းစာစောင်များနှင့် ဆပ်ပြာခဲများ ဝေငှခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေး လာရောက်ထိုးနှံသူများကို Mask များ တပ်ဆင်လာစေရန်နှင့် Socisal Distancing စနစ်ဖြင့် လူစုလူဝေး မဖြစ်ပေါ်စေရေးစီမံ ဆောင်ရွက်ပေးထားကြောင်း သိရသည်။
မြင့်ရီ(ပြန်/ဆက်)


