ဂန့်ဂေါ ၇  ဇူလိုင် 

 

ဂန့်ဂေါမြို့နယ်အတွင်း မိုးရွာသွန်းမှု လျော့နည်းပြီး မိုးခေါင်နေသော်လည်း နည်းလမ်းမျိုးစုံ အသုံးပြု၍ မိုးစပါးများကို ကြဲပက်စိုက်ပျိုးခြင်း၊ မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း၊ ရေတင်စိုက်ပျိုးခြင်း စသည်ဖြင့် ဆက်လက်စိုက်ပျိုးလျှက်ရှိကြောင်း သိရသည်။

 

ထိုသို့ စိုက်ပျိုးကြရာ၌ ဇူလိုင် ၆ ရက်နေ့က မောက်လင်းကျေးရွာတွင် တိုက်ရိုက်မျိုးစေ့ချ ကိရိယာဖြင့် တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးစီးဌာန ဝန်ထမ်းများက မျိုးစေ့ ဆားရည်စိမ်ခြင်း၊ မျိုးညှောင့်ဖောက်ခြင်း၊ မျိုးစေ့ချခြင်းစသည့် နည်းပညာ အကူအညီများ ကူညီ ပေးခဲ့ကြသည်။

 

ယခုနှစ် မိုးဦးကာလတွင် မိုးစောစောရွာခဲ့ပြီး ဇွန်လအတွင်း၌ မိုးရွာသွန်းမှု လျော့နည်းခဲ့ကြောင်း၊ ဇူလိုင်လအတွင်းမှာလည်း အချို့ဒေသများမှာ မိုးအလွန်ခေါင်နေသော်လည်း မိုးစပါးကို ကြဲပက်စိုက်ပျိုး ခြင်း၊ မျိုးစေ့ချကိရိယာဖြင့် တိုက်ရိုက်မျိုးစေ့ချခြင်း၊ မြစ်ချောင်းများမှရေကို ရေစုပ်စက်ဖြင့်စုပ်တင်၍ ပျိုးထောင်စိုက်ပျိုးခြင်းစသည့် နည်းမျိုးစုံသုံး၍ မိုးစပါးကို ဆက်လက် စိုက်ပျိုးလျှက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

 

ယခုနှစ်တွင် မိုးစပါးလျာထားဧက ၃၇၂၇၉ ဧက ကို အပြည့်အဝ စိုက်ပျိုးနိုင်ရန် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ လိုအပ်သည့် မျိုးစေ့နှင့် နည်းပညာများ ရရှိစေရေး ကူညီဆောင်ရွက်ပေးနေ ကြောင်း သိရသည်။

 

၁၄၄