ဆင်ပေါင်ဝဲ ၇  ဇူလိုင်

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အခြေခံပညာကျောင်း (၂၂)ကျောင်း အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့် ရရှိခဲ့ကြောင်း ဆင်ပေါင်ဝဲမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

 

 

ဆင်ပေါင်ဝဲမြို့နယ်တွင် အဆင့်တိုးမြှင့်ခွင့် ရရှိသည့် ကျောင်းများမှာ ချင်းစုကျေးရွာ၊ စည်ပင်ကျေးရွာ၊ မြောင်ကြီးကျေးရွာ၊ တလင်းကုန်းကျေးရွာ၊ စည်တိုင်း(အလယ်)ကျေးရွာ၊ ရွာလင်းကျေးရွာနှင့် ငါးဇင်ရိုင်းကျေးရွာတို့မှ အခြေခံပညာ မူလတန်းကျောင်းများကို အခြေခံပညာ မူလတန်းလွန်ကျောင်း အဖြစ်လည်းကောင်း၊ ရွှေပန်းတောကျေးရွာ၊ လက်ယက်ကျေးရွာ၊ ကျောက်မြောင်းကျေးရွာ၊ သမန်းကြီးကျေးရွာ၊ မိုးနတ်ကုန်းကျေးရွာ၊ ကျောက်မဲကျေးရွာနှင့် လက်ငန်ငူကျေးရွာတို့မှ အခြေခံပညာ မူလတန်းလွန်ကျောင်းများကို အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) အဖြစ်လည်းကောင်း၊ လေးဒူးကွဲကျေးရွာ၊ ဝါစေ့မြောင်ကျေးရွာ၊ မင်းကန်ကျေးရွာ၊ စွယ်ကျိုးကျေးရွာ၊ စည်ပင်လှကျေးရွာနှင့် သာယာကုန်း ကျေးရွာတို့မှ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)များကို အခြေခံပညာ အလယ်တန်းကျောင်း အဖြစ်လည်းကောင်း၊ နားပဲ့ကျေးရွာနှင့် ပေလည်ကျေးရွာတို့မှ အခြေခံပညာ အလယ်တန်းကျောင်းများကို အခြေခံအထက်တန်းကျောင်း(ခွဲ) အဖြစ်လည်ကောင်း စုစုပေါင်း ကျောင်း(၂၂) ကျောင်း အဆင့်တိုးမြှင့်ခဲ့ကြောင်း သိရသည်။

 

 

မြို့နယ်ပြန်/ဆက်