တနိုင်း ၇ ဇူလိုင်
ကချင်ပြည်နယ်၊ မြစ်ကြီးနာခရိုင် တနိုင်းမြို့နယ်တွင် နှာခေါင်းစည်း (Mask) များ မတပ်ဆင်ဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာ နေသူများအား ဒဏ်ငွေဆောင်ခြင်းဖြင့် အရေးယူဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၈)နာရီက မြို့နယ် ကိုဗစ်-၁၉ ရာဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက တနိုင်းမြို့နယ်ရှိ လမ်းဆုံလမ်းခွ နေရာတွင် စောင့်ကြည့်စစ်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နှာခေါင်းစည်း (Mask) များ တပ်ဆင်သွားလာမှု စည်းကမ်းတကျ ရှိစေရေးအတွက် စစ်ဆေး အရေးယူခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ (မြို့နယ်ရဲတပ်ဖွဲ့မှူး) ရဲမှူးဝင်းညွန့်နှင့် အဖွဲ့ဝင်များ၊ မြို့မရဲစခန်းမှူး ဒု-ရဲမှူးကျော်ဇော၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်တင်မြိုင် နှင့် မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးဖြိုးဝေဆန်း တို့က တနိုင်းမြို့တွင်းမှ မိုင်းခွန်ကျေးရွာသွားရာလမ်းတွင် နှာခေါင်းစည်း (Mask) မတပ်ဘဲ သွားလာနေသူ အမျိုးသား ၂ဝ၊ အမျိုးသမီး (၁၈) ဦး စုစုပေါင်း(၃၈) ဦးတို့အား ဒဏ်ငွေဆောင်စေခြင်း၊ ဝန်ခံကတိလက်မှတ် ထိုးစေခြင်းနှင့် နှာခေါင်းစည်း (Mask) များဝေငှပေးခြင်းဖြင့် ပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
စိုင်းထင်ကျော်(ပြန်/ဆက်)


