ပန်ဆောင် ၇ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ပန်ဆောင်မြို့တွင် ဒေသခံ ပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်လျက် ဝဉ၊ ကော်ဖီနှင့် အခြားသီးနှံများကို စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် ဈေးကွက်ဆိုင်ရာဆွေးနွေးပွဲကို ယနေ့နံနက်က ပန်ဆောင်မြို့ နောင်ယန်းခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဦးနှင့် စိုက်ပျိုးရေးဦးစီးမှူး ဦးရုတ္တိက ဆွေးနွေးအမှာစကား ပြောကြားသည်။ ဆက်လက်၍ ဝဉ၊ ကော်ဖီနှင့်အခြားသီးနှံများကို စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ရေးနှင့် ဝဉမှ ထွက်ရရှိသည့် ဝသုန်စားစရာပြုလုပ်နည်းကိုလည်းကောင်း၊ ကော်ဖီပင် စနစ် တကျစိုက်ပျိုးပြီး စီးပွားဖြစ် ထုတ်လုပ်နိုင်ရေးနှင့် ကိုင်းဆက်နည်းများကို ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ မြို့မိ၊ မြို့ဖများနှင့် ဒေသခံတောင်သူ များတက် ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
စနေမောင်(ခန္တီး)


