မကွေး ၇ ဇူလိုင်
မကွေးခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ကာလတွင် ငါးစားသုံးခြင်းသည် ကျန်းမာရေး (အထူးသဖြင့် ကိုယ်ခံအား ကောင်းမွန်ရေး) အတွက် အကျိုးရှိကြောင်း ပြည်သူများ သိရှိစေရန် ရည်ရွယ်၍ ဇူလိုင်လ ၇ ရက် ယနေ့နံနက် ၈ နာရီက မကွေးမြို့ ရန်ပယ်ဈေး အရှေ့ဘက် ဝင်ပေါက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ငါးရိက္ခာများ စားသုံးပေး ပညာပေး ပိုစတာ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာ မကွေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦး၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ဒု-ခရိုင် အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ငါးရိက္ခာများ စားသုံးပေး ပညာပေး လက်ကမ်း စာစောင်များနှင့် ငါးသယံဇာတ ထိန်းသိမ်းရေး ပညာပေး လက်ကမ်း စာစောင်များအား ငါးလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများက ဈေးသူ၊ ဈေးသားများ၊ ဈေးဝယ်သူများထံ ဖြန့်ဝေပေးခဲ့ကြသည်။
မကွေးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ငါးရိက္ခာများ စားသုံးပေး ပညာပေး ပိုစတာများ စိုက်ထူခြင်းကို မကွေးမြို့ ရန်ပယ်ဈေး အရှေ့ဘက် ဝင်ပေါက်တွင်လည်းကောင်း၊ ပြည်တော်သာလမ်းနှင့် ဆေးရုံလမ်းထောင့် ဆေးရုံကြီး မြောက်ဘက်တွင်လည်းကောင်း စိုက်ထူခဲ့ကြကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)


