နတ်တလင်း  ၇  ဇူလိုင် 


ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် မြို့မရဲစခန်း အတွင်းရှိ အချုပ်ခန်းမှ အချုပ်သားများ အသိပညာ ဗဟုသုတ ပြည့်ဝစေရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စာအုပ်စာစောင်နှင့် စာပေဗိမာန်မှ ထုတ်ဝေသော စာပေဆုရ စာအုပ်များကို ယနေ့မှ စတင် ငှားရမ်းပေးကြောင်း သိရသည်။


စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို တစ်ပတ်လျှင် တစ်ကြိမ် လဲလှယ် ပေးသွားမည်ဖြစ်ပြီး ယနေ့ စတင် ငှားရမ်းပေးသော နေ့တွင် မှုခင်းဂျာနယ် အစောင် ၄၀၊ ဒို့ကျေးရွာဂျာနယ် ၁၀ စောင်၊ မဂ္ဂဇင်း ၆ အုပ်နှင့် ဝတ္ထု ၂၄ အုပ် ပေးအပ်ခဲ့ပြီး မြို့မရဲစခန်း အချုပ်ခန်းတွင် အချုပ်သား ၄၀ ခန့်ရှိကြောင်း သိရသည်။


ဝင်းမြင့်(နတ်တလင်း)