ကျိန္တလီ ၇   ဇူလိုင်

 

 

ရခိုင်ပြည်နယ်  သံတွဲခရိုင်  ကျိန္တလီမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအား အသိပညာပေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက်(၇)နာရီ အချိန်က ကျိန္တလီမြို့ လူစည်ကားရာ နေရာများတွင် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

mdn

           

 

ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး နှိုးဆော်ချက်များ၊ ညွှန်ကြားချက်များ၊ စည်းကမ်းချက်များကို သိရှိနိုင်ရန် အသံချဲ့စက်ဖြင့် နှိုးဆော်ဆောင်ရွက်ခြင်း ၊ နှာခေါင်းစည်း(Mask)များ တပ်ဆင်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

           

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး အသိပညာပေးခြင်းကို အသိပညာပေးရေးနှင့် သတင်းစုဆောင်း ထုတ်ပြန်ရေး ကော်မတီဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

 

ကျိန္တလီ(ပြန်/ဆက်)