ပုသိမ် ၇ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ကာလ စိုက်ပျိုးရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းလမ်းညွှန်ဆွေးနွေးပွဲ ယနေ့ နံနက် ၉ နာရီက ပုသိမ်မြို့ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးအေးကိုကို၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးဇော်၊ ဒုတိုင်းဦးစီးမှူး ဦးဌေးလွင်၊ ခရိုင်/မြို့နယ် ဦးစီးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် စိုက်ပျိုးရေးဦးစီးဌာန နေပြည်တော်ရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကိုက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ဦးစီးမှူး ဦးမျိုးဇော်က သီးနှံစိုက်ပျိုး ထုတ်လုပ်မှုအခြေအနေနှင့် စွမ်းအားမြှင့်မီးဖိုဖြန့်ဖြူးမှုအခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးများက ခရိုင်အလိုက် သီးနှံစိုက်ပျိုးထုတ်လုပ်မှုအခြေအနေ၊ မြေဆီမြေဩဇာမှုအခြေအနေနှင့် မျိုးစေ့ထုတ်လုပ်မှုအခြေအနေ များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြသည်။ ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ထို့နောက် KOICA ၏ အထောက်အပံ့ဖြင့် ကိုဗစ်-၁၉ ဖြစ်ပွားမှုလျှော့ချရေးအတွက် အသုံးအဆောင် ဆပ်ပြာ၊ ဆပ်ပြာရည်၊ လက်ဆေးဆီ၊ လက်ဆေးဘေစင်၊ Mask ၊ အပူချိန်တိုင်းကိရိယာများကို ဒုတိယညွှန်ကြားရေးမှူးချုပ်က ပေးအပ်ရာ မြန်မာဆယ်မားအူးလ်အွန်ဒုန်ကျေးရွာ(၁၀)ရွာမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
မြင့်ဟန်(ခရိုင် ပြန်/ဆက်)


