(၇-၇-၂၀၂၀ ရက်၊ ဆိုးလ်မြို့)
ကမ္ဘာတစ်ဝန်း၌ COVID-19 ရောဂါ ကူးစက်ပြန့်ပွားနေခြင်းကြောင့် နိုင်ငံတကာ လေကြောင်းလိုင်းများ ပျံသန်းမှု ယာယီရပ်ဆိုင်းထားသည့် ကာလအတွင်း ကိုရီးယားသမ္မတ နိုင်ငံနှင့် အခြားနိုင်ငံအချို့တို့တွင် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဖြစ်နေပြီး၊ မဖြစ်မနေ အပြီးပြန်လည်ထွက်ခွာရန် လိုအပ်နေသော မြန်မာနိုင်ငံသားများအား (၁၂)ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် (Relief Flight)အဖြစ် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI)ဖြင့် (၇-၇-၂၀၂၀) ရက်နေ့၊ (၁၆:၄၅) နာရီအချိန်တွင် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ပြန်လည်ပို့ဆောင် ပေးခဲ့ပါသည်။
ယင်းကယ်ဆယ်ရေးလေယာဉ်တွင် ကိုရီးယားသမ္မတနိုင်ငံရှိ မြန်မာနိုင်ငံသား(၃၂)ဦး၊ အမေရိကန်ပြည်ထောင်စု၊ အင်ဒိုနီးရှားနိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ စပိန်နိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ ဂရိနိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ ဩစတီးယားနိုင်ငံ၊ ရုရှားဖက်ဒရေးရှင်း၊ ဆော်ဒီအာရေဗျနိုင်ငံ၊ နော်ဝေနိုင်ငံ၊ ဂျာမနီနိုင်ငံတို့မှ လာရောက်လိုက်ပါသည့် မြန်မာနိုင်ငံသား (၇၀)ဦးနှင့် မြန်မာ သင်္ဘောသား (၁၃)ဦး၊ စုစုပေါင်း (၁၁၅) ဦးတို့ လိုက်ပါသွားကြပါသည်။
ယင်းလေကြောင်းလိုင်းဖြင့် ထွက်ခွာမည့် မြန်မာနိုင်ငံသားများအနေဖြင့် လေယာဉ်စီးနင်း လိုက်ပါမည့်နေ့ရက်တွင် လေဆိပ်၌ တစ်စုံတစ်ရာအခက်အခဲ မဖြစ်ပေါ်စေရန်၊ ဖြစ်ပေါ်လာပါက ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်နှင့် Transit ခရီးစဉ်အဖြစ် လိုက်ပါစီးနင်းမည့် နိုင်ငံသားများ အဆင်ပြေချောမွေ့စေရန်အတွက် သံအမတ်ကြီး ဦးဆောင်သော မြန်မာသံရုံးဝန်ထမ်းများမှ လေဆိပ်သို့ သွားရောက်ကာ လိုအပ်သည်များ ချိတ်ဆက်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
Credit #Ministry_of_Foreign_Affairs_Myanmar


