ကျွန်းစု ၈ ဇူလိုင်
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး လူအားလုံးဆေးတိုက်ကျွေးခြင်းလုပ်ငန်း အသိပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီ အချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦးက ဆင်ခြေထောက်ရောဂါလက္ခဏာများနှင့် ကူးစက်ပြန့်ပွားမှု အဆင့်ဆင့်၊ ရောဂါဖြစ်ပွားမှု များပြားလာနိုင်သည့် အကြောင်းအရင်းများနှင့် ဆင်ခြေထောက်ရောဂါကင်းဝေးရေး လူအားလုံးဆေးတိုက်ကျွေးခြင်းနှင့် ပတ်သက်သည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆင်ခြေထောက်ရောဂါကင်းဝေးရေးအတွက် ဇူလိုင်လ(၈)ရက်နေ့မှ (၁၇)ရက်နေ့အထိ ဆယ်ရက်တိုင်အောင် ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုအဖွဲ့အစည်းအဖွဲ့အစည်းများက အိမ်တိုင်ရာရောက် လိုက်လံ၍ ဆေးတိုက်ကျွေး သွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)


