ထန်ပါခွေ ၈ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ ထန်ပါခွေမြို့၌ ကန္တာရကျိုင်းကောင် ကင်းထောက်ခြင်း၊ ဖီရိုမုန်းထောင်ချောက်တပ်ဆင်ခြင်းနှင့် ဖလံဖမ်းယူရရှိမှု ကင်းထောက်စစ်ဆေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း ထန်ပါခွေမြို့စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
ထန်ပါခွေမြို့တွင် ယနေ့အထိ အစေ့ထုတ်ပြောင်းစိုက်ဧက စုစုပေါင်း(၅၇၃)ဧက စိုက်ပျိုးပြီးဖြစ်ရာ အဆိုပါ ကင်းထောက်စစ်ဆေးခြင်းလုပ်ငန်းများကို ထန်ပါခွေမြို့ နန်စလိန်ချောင်းအနီးရှိ အစေ့ထုတ်ပြောင်းစိုက်ခင်းနှင့် ထန်ပါခွေမြို့နှင့် တာမောင်ချောင်းကြား တောင်သူ ဦးပါဟရို၏ အစေ့ထုတ်ပြောင်းစိုက်ခင်းများတွင် ဖျက်ပိုး၊ အကျိုးပြု မိတ်ဆွေပိုးများ မှတ်တမ်းကောက်ယူရန် DELTA TRAP များတပ်ဆင်ခြင်းနှင့် ကန္တာရကျိုင်းကောင်ကင်းထောက်ခြင်း၊ ဖီရိုမုန်းထောင်ချောက်တပ်ဆင်ခြင်းနှင့် ဖလံဖမ်းယူရရှိမှု ကင်းထောက်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ထန်ပါခွေမြို့ စိုက်ပျိုးရေးဦးစီးမှူး ဦးဝေမင်းဦးက ပြောကြားသည်။
ဟန်ထွန်း(အင်းဝ)


