၈ ဇူလိုင်

 

 

ကာတာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရမှု ၆၀ဝ ရှိပြီး ကူးစက်ခံရမှုပေါင်း ၁၀ဝ၉၄၅ အထိ မြင့်တက်လာသည်ဟု ကာတာကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

 

 

အဆိုပါ ရောဂါကူးစက်ခံရမှုမှ ပြန်လည်ကျန်းမာလာသူ ၁၀ဝ၅ ထပ်မံတိုးလာပြီး ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသူ စုစုပေါင်း ၉၄၉၀၃ ဦး ရှိသည်။

 

 

တစ်ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၁၃၄ ဦး အထိ မြင့်တက်လာသည်ဟု ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 

အရေးအကြီးဆုံးဖြစ်သည့် လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရန်နှင့် နေအိမ်တွင် နေထိုင်ရန် အစိုးရက အကြံပြုထားသည့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အစီအမံများကို လျစ်လျူရှုခြင်း၊ သွားလာလည်ပတ်ခြင်းနှင့် လူစုလူဝေးများကြောင့် ရောဂါကူးစက်ခံရသူ အရေအတွက် သိသိသာသာ မြင့်တက်လာခြင်း ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

 

ကာတာနိုင်ငံတွင် လူ ၃၉၀၉၉၇ ဦးကို ဓာတ်ခွဲစမ်းသပ်မှု ပြုလုပ်ခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို