၈ ဇူလိုင်
ဂျပန်နိုင်ငံတွင် ရာသီအလိုက် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် တိုင်းပြည်အတွင်း နေရာအနှံ့သို့ မိုးသည်းထန်စွာ ရွာသွန်းနိုင်သည်ဟု ဆိုသည်။
ဂျပန်နိုင်ငံ အလယ်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ တာဝန်ရှိသူများက သတိပေးလျက်ရှိသည်။
ယနေ့ နံနက်ပိုင်းတွင် ကျူရှူးမြောက်ပိုင်း ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိပြီး အိုတာစီရင်စုရှိ မြစ်နှစ်ခုတွင် ရေကြီးမှုများဖြစ်ပေါ်ခဲ့သည်။
ကျူရှူးကျွန်းတွင် မိုးသည်ထန်စွာ ရွာသွန်းခဲ့သဖြင့် အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။
လူ ၅၅ ဉီးမှာ သေဆုံးခဲ့ပြီး ၁၇ ဉီးမှာ ပျောက်ဆုံးခဲ့သည်။
အချို့ဒေသများတွင် ပျက်စီးဆုံးရှုံးမှု၏ တန်ဖိုးကို တွက်ချက်ရန် မဖြစ်နိုင်သေးကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ကယ်ဆယ်ရေး လုပ်သားများသည် ယနေ့အထိ ပျောက်ဆုံးသူများကို ဆက်လက် ရှာဖွေလျက်ရှိသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်