ရန်ကုန် ၈ ဇူလိုင် 

 

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ကျောင်းသား၊ကျောင်းသူများ ဆရာ၊ ဆရာမများ ကိုဗစ်-၁၉ ရောဂါကူးစက်ခြင်းများ မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းများကို ဆောင်ရွက်လျှက်ရှိရာ ယနေ့  နံနက်ပိုင်းအချိန်က ဦးစံဖေရပ်ကွက်ရှိ အ.လ.က.(၃)နှင့်အ.မ.က(၂၂)ကျောင်းများသို့ ဗိုလ်မှူးဝဏ္ဏထွန်း၊ ရန်ကုန်တိုင်းစစ်ဌာန ချုပ်ခ.မ.ရ (၄၃၅) မှ အင်အား (၇) ယောက်နှင့် Sodium Hypochlorite  ပိုးသတ်ဆေးများကို စာသင်ခန်းများ၊ ကျောင်းဆောင်များအတွင်း အပြင်နေရာများအား ဆေးဖျန်းးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ရဲမင်းထွန်း(ပြန်/ဆက်)