ကော့မှူး  ၈  ဇူလိုင်

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် သစ်တောဦးစီးဌာနမှ ရပ်ကွက်နှင့် ကျေးလက်နေ ပြည်သူများအပူရှိန်မြင့်တက်မှု ကာကွယ်နိုင်ရေးအတွက် ယနေနံနက်က မြို့မဈေးထိပ်၌ သစ်ပင်များအခမဲ့ဖြန့်ဝေပေးနေ ကြောင်းသိရသည်။

 

ထို့သို့ပျိုးပင်များ ဖြန့်ဝေပေးမှုအခြေအနေဖြင့် ပတ်သက်၍ မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကောင်းသန့် က ပတ်ဝန်းကျင်စိမ်းလန်းစို‌ပြည်ရေးနှင့် ကမ္ဘာတစ်ဝန်းမှကြုံတွေ့နေ‌ရသော အပူချိန်မြင့်တက်လာမှုများကို တစ်စိတ်တစ်ပိုင်းလျော့ချနိုင်ရေးအတွက် မြို့နယ်သစ်တောဦးစီးဌာန(ပျိုးဥယျာဉ်ယာယီ)မှ လူစည်ကားရာ‌နေရာများသို့ ကားများဖြင့် တင်ဆောင်ကာ အခမဲ့ဖြန့်ဝေပေးနေခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းသို့ဖြန့်ဝေရာတွင် ကျွန်း၊ ပျန်းကတိုး၊ မဟောဂနီ၊ ပိတောက်၊ ယူကလစ်၊ မဂျန်ရှား၊ အော်လေးရှား၊ မယ်ဇလီ၊ ခရေ၊ ကံကော်၊ ပျန်းမပင်များအား ရပ်ကွက်ကျေးရွာနေပြည်သူများထံ အခမဲ့ဖြန့်ဝေပေးနေလျက်ရှိပြီး အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးပွဲတော်များတွင် မြို့နယ်သစ်တောဦးစီးဌာနမှပူးပေါင်းကာ ပျိုးပင်များ အခမဲ့ဖြန့်ဝေကူညီပေးလျက်ရှိကြပြီး သစ်ပင်စိုက်ပျိုးလိုသူများအ‌နေဖြင့် မိမိတို့နှစ်သက်ရာအပင်များအား ရုံးချိန်အတွင်း အခမဲ့လာရောက် တောင်းယူနိုင်ကြောင်း သိရသည်။

 

ကျော်သူရ (ကော့မှူး)